တနင်္ဂနွေ နေ့ ညနေကစပြီး သီတာ လူငယ်တွေအားလုံး (အားလုံးနီးပါးပေါ့) စုဝေးပြီး ရပ်ကွက်လှည့်ဆုတောင်းကြတယ်။ လူငယ်တွေ အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ပေါ့။ ညနေခြောက်နာရီခွဲဆိုတာနဲ့ အားလုံးဘုရားကျောင်းမှာစု သီချင်းတွေ လေ့ကျင့်ကြပြီး လူစုခွဲပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ဆုတောင်းပေးကြတယ်။ အိမ်ရှင်တွေကတော့ အကြောင်းမကြား ခရစ္စမတ်လည်း မဟုတ်ဘဲနဲ့ လူငယ်တွေ အုံး ခနဲ ရောက်လာတော့ ဘယ်လိုနေကြမလဲမသိဘူး။ :)
ပျော်ဖို့တော့ကောင်းပါတယ်။ ပထမနေ့ကတော့ သင်းအုပ်ဆရာ ပါလာတော့ ဆုတွေဘာတွေ တောင်းတာ အဆင်ပြေတယ်။ အဲ ဒုတိယနေ့ကတော့ လူငယ်တွေ ကဂျိုးကချောင်ပဲ။ :P ငါတော့ ဂစ်တာကိုင်ထားလို့လွတ်သွားတယ်။ လူရှေ့သူရှေ့မှာ ဘာလို့ အဲလောက်တောင် ဆုမတောင်းတတ်လဲမသိပါဘူး။ ငါကိုယ်တိုင်လဲမသိဘူး။ လူရှေ့ရောက်ရင် ချွေးတွေပျံပြီး ဘာလုပ်ရမှန်းမသိဘူး။ ကချင်လို ဆုတောင်းရမှာ ပိုကြောက်တယ်။ ကိုယ့်ဟာကိုယ် စိတ်ညစ်တဲ့ အခါအခန်းထဲမှာ အောင်းပြီးဆုတောင်းရင်တော့ ထွက်လာပါတယ်။ လူရှေ့ရောက်ရင် လူတွေကို အာရုံစိုက်လွန်းပြီးတော့ ဘုရားကို အာရုံပြုလို့မရတော့ဘူး။ :/
ဘာပဲဖြစ်ဖြစ် အခုလို ဘုရားကျောင်းက လူငယ်တွေကို တစုတဝေးတည်းတွေ့ရတာ အားတက်စရာပဲ။ တချို့မိသားစုတွေဆို လူငယ်အဖွဲ့မှာ ယောကျာ်းလေးတွေများနေလို့ အံ့သြနေကြတယ်။ အဲ ခြောက်နာရီထိုးနေပြီ။ ဒီနေ့လည်း သွားရဦးမယ်။ ရပ်ကွက်စေ့အောင်သွားရမှာမို့လို့ သွားပြီ။