♥ Seng Nor Aung ♥ JESUS ♥ Country Songs

မနေ့က ဘုရားကျောင်း က လူငယ် အစီအစဉ် မှာ ကြားခဲ့ရတဲ့ ခွန်အားပေးချက်လေးကို ပြန်လည်တင်ပြချင်ပါတယ်။

ဘာပြောသွားလဲဆိုတော့ ရိုးရိုးလေးပါပဲ ။ သူကြည့်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အပေါ်မှာ သူခံစားရသမျှလေးကို ဝေငှသွားတာပါ။

အဲဒီဇာတ်လမ်းလေးရဲ့နာမည်က “SAVING PRIVATE RYAN” ရိုင်ယန်ကို ကယ်တင်ခြင်း ဆိုတဲ့ ဇာတ်ကားလေးပါ ။

အဲဒီ ဇာတ်ကားထဲမှာ ဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ရဲဘော် ခုနှစ်ယောက်တို့က ရိုင်ယန်ဆိုတဲ့ကောင်လေးကို စစ်ပွဲထဲကနေ ကယ်တင်ကြပုံကို ရိုက်ကူးထားပါတယ်တဲ့။ ရိုင်ယန်ကို ကယ်တင်ရင်းနဲ့ သူတို့အားလုံး ကျဆုံးသွားကြတယ်။ နောက်ဆုံး ကက်ပ်တိန် မကျခင် ရိုင်ယန့်ကိုမှာခဲ့တဲ့ စကားလုံးလေးကတော့ ဟတ်ထိသွားပါတယ် ။ စာလုံးလေးက နှစ်လုံးထဲ ရိုးရိုးလေးပါ။

“EARN IT” တဲ့။

ကိုယ်နဲ့ထိုက်တန်လို့ရတဲ့ အရာတခုကို ရယူခြင်း လို့ ဆိုပါတယ်။ 

ငါတို့တွေ မင်းအတွက်ပေးဆပ်ခဲ့တဲ့ အသက်ဟာ မင်းနဲ့ထိုက်တန်ပါတယ်။ မင်းကလည်း ငါတို့ပေးခဲ့တဲ့ အသက်တွေနဲ့ ထိုက်တန်အောင် အသက်ရှင်နေထိုင်ပါ။

ဒီလိုပါပဲတဲ့။ သခင်ယေရှုကလည်း လူတွေကို သူ့ရဲ့အသက်တွေပေးပြီး ရွေးဝယ်ခဲ့ပါတယ်။ ငါတို့တွေကရော သူပေးခဲ့တဲ့ အသက်နဲ့ တန်အောင် ရှင်သန်နေထိုင်ပါရဲ့လားဆိုတဲ့ မေးခွန်းလေးနဲ့ အဆုံးသတ်သွားပါတယ်။

အားလုံး ကို ဘုရားရှင်ကောင်းချီးပေးပါစေ။