ဒီနှစ်တော့ လူငယ်စခန်းကို နောင်နန်း သွားကြမယ်။
မနှစ်ကပြင်ဦးလွင် သွားခဲ့တာ။ ရောက်စကဆို စိတ်ညစ်တာပဲသိတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုက တစ်မျိုးကြီး။ လေစိမ်းတွေက တ၀ူးဝူးနဲ့။ ဖျားချင်ချင်ဖြစ်သွားတယ်။ ပြီးတော့ တလမ်းလုံး ရထားတတန် ကားတတန် နဲ့ဆိုတော့ လူက ယိမ်းထိုးနေပြီ။
အခုပြန်တွေးတော့ တကယ်ရယ်စရာကောင်းတယ်။ အပြန်မှာဖြစ်တာပါ။ ရထားပေါ်မှာ။ တော်သေးတာပေါ့။ မန်းလေး ကချင် ဘုရားကျောင်းတုံးက ၀ယ်ခဲ့တဲ့ စာအုပ်လေး ကယ်ပေလို့။ စာအုပ်လေးက ပါးပါးလေးပါ။ ဒါပေမဲ့ ဘုရားမလို့ အဲဒီစာအုပ်လေးသာ မပါခဲ့ရင် ငါ ရထားပေါ်က အိမ်သာထဲမှာ ပြသနာတက်မှာ သေချာတယ်။ ကိစ္စပြီးလို့ ရေလောင်းမယ်လုပ်တော့ ရထားအိမ်သာထဲမှာ ရေမရှိဘူးလေ။ အဲလောက်ဆို သဘောပေါက်ရောပေါ့။ ကျေးဇူးပဲ အဲဒီစာအုပ်လေးရေ။ :P
အမှတ်တရတွေကတော့အများကြီးပါပဲ။ ပြင်ဦးလွင်က အေးချမ်းပြီး သာယာတယ်။ မသဲဘုရားကျောင်းက ဆရာမ နဲ့ အဲဒီက သူငယ်ချင်းတွေအားလုံးကို အမြဲသတိရနေပါတယ်။ လူငယ်ဘ၀ရဲ့ အမှတ်တရ ပျော်စရာအချိန်လေးတွေ အားလုံးအတွက် အားလုံးကို ကျေးဇူးပါ။
ပြင်ဦးလွင် လူငယ်အယောက်စီတိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ။ ပြီးတော့ သူငယ်ချင်းတွေအားလုံးကို တောင်းပန်ချင်တာက ငါ့ကို မာနကြီးတယ် ၊ သိပ်မခင်တတ်ဘူးလို့ သူငယ်ချင်းတို့ ထင်ချင်ထင်ကြလိမ့်မယ်။ ငါက နဂိုကတည်းက အဲလိုမျိုးမို့လို့ပါ။ အခုတော့ ကြိုးစားပြီး လူတိုင်းကိုခင်ခင်မင်မင်ပေါင်းတတ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရထားစီးပြီးသွားရမယ့် အလုပ်ကိုတော့ ငါနည်းနည်းကြောက်နေတုံးပဲ။ :) ဒါပေမဲ့ ပြင်ဦးလွင်က သူငယ်ချင်းတို့က အရမ်းကို စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်နေတတ်ကြတယ်။ ငါ့မှာ ရထားပေါ်က ဒုက္ခတွေအားလုံးကို မေ့သွားတော့တာပဲ။ ငါတို့ အင်ဂျန့်ကောင်လူငယ်တွေရဲ့ မပြည့်စုံမှုတွေကို ကြိုးစားသည်းခံခဲ့ကြတာ အထူး ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် မနက်တိုင်း စောစောထပြီး လုပ်ရတဲ့ မြို့ပတ် လေ့ကျင့်ခန်းလေးနဲ့ ပြင်ဦးလွင်ရဲ့ နေထွက်ချိန်လေးတွေရယ်၊ ပြီးတော့ အစိမ်းရောင်ယူနီဖောင်းလေးတွေဝတ်ထားတဲ့ မြောက်ကြွမြောက်ကြွ ဗိုလ်လောင်းတွေရယ်။ ပြီးတော့ ခရမ်းရောင် ဘာမှန်းမသိတဲ့ ပန်းတွေရယ် ၊ (ခွေးသေးပန်ေးတာ့မဟုတ်ဘူး၊ သူက အပင်အကြီးကြီး) ဈေးကြီးလွန်းတဲ့ အင်တာနက်ဆိုင်တွေရယ်၊ Talent Show မှာ အပီကြဲသွားတဲ့ လူငယ်တွေရယ် ၊ အားလုံးကို အမြဲတမ်း သတိရပြီး ကျေးဇူးတင်နေမှာပါ။
ဒီနှစ်လည်း နောင်နန်းလူငယ်စခန်းမှာ ဘယ်လိုတွေဖြစ်ဦးမလဲမသိဘူး။ အဲဒီ မသိရတာကိုပဲ တွေးရင်းသဘောကျတာ။ :)