အင်း ဒီသင်္ကြန် ကျောင်းပိတ်ရက် ဘာတွေလုပ်ရင်ကောင်းမလဲ။ ပထမဆုံး သူငယ်ချင်းတွေ အပ်ထားတဲ့ အင်္ဂလိပ်စာ ပရောဂျက်တွေကို ဒီတစ်ပါတ် အပြီးသတ်ရမယ်။ ပိုက်ဆံတွေတော့ ကြိုတောင်းပြီးသွားပြီ။ လှုပ်ရှားလိုက်ဦးမယ်။
နေ့လယ်ခင်းတွေအားရင်တော့ crafts လေးတွေလုပ်ရမယ်။
အခုတလော နားထောင်ဖြစ်တာကတော့ သီချင်းဆိုသံမပါတဲ့ ပီယာနို ဆိုလို သံစဉ်လေးတွေပဲ နားထောင်ဖြစ်တယ်။ ပါးစပ်သံကြားရင် နားညည်းလို့။ အဲဒါပဲ အေးတယ်။
ဗုဒ္ဒဟူးနေ့ကပြီးသွားတဲ့ နည်းပညာကျောင်း နွေရာသီ ဘောလုံးပြိုင်ပွဲမှာ ငါတို့ စီဗယ် အသင်း ရဲ့ ကိုကို အက်ဖ်စီ က တတိယဗိုလ် ဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။ ဘောလုံး သမား အားလုံး အကောင်းဆုံး ကစားသွားခဲ့ကြတယ်။ ငါလည်း အကောင်းဆုံး အားပေးခဲ့တာပါ။
အခုလောလောဆယ် GONE WITH THE WIND ၀တ္ထုကြီးကို ဖတ်ဖို့ကြိုးစားနေတယ်။ အင်္ဂလိပ်လိုရေးထားတော့ သိပ်တော့မဖတ်တတ်ဘူး။ စာမျက်နှာ နှစ်ဆယ်ပဲရှိသေးတယ်။ ပထမပိုင်း စာအုပ်မှာတင် စာမျက်နှာ ခြောက်ရာကျော်ရှိတာ။ ဟူးမလွယ်ဘူး။
ဖတ်ပြီးသလောက် မှတ်မိတာကတော့ စကားလက် အိုဟာရာ ဆိုတဲ့ကောင်မလေးရယ်၊ ညီအစ်ကို နှစ်ယောက်ရယ်၊ အက်ရှ်လေ ဆိုတဲ့ကောင်လေး တစ်ယောက်ရယ် ၊ ပြီးတော့ နီဂရိုးဆိုတဲ့ စကားလုံးကို ခဏခဏသုံးထားတယ်။
နောက်တစ်ပါတ်ကျရင် နွေရာသီလူငယ်စခန်းဝင်တော့မယ်။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ရဦးမယ်။