October 2011
1 post
အောက်တိုဘာ ၂၂ ရက်နေ့ : ဓမ္မတေးသံစုံပြိုင်ပွဲ
အောက်တိုဘာ ၂၂ ရက်နေ့ စနေနေ့
ဒီနေ့ကတော့ ဘ၀ရဲ့အမှတ်တရနေ့များစွာထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကေဘီစီက ကျင်းပတဲ့ ဓမ္မတေးသံစုံ သီဆိုယှဉ်ပြိုင်ပွဲမှာ အန်ဂျေကေ လူငယ်တွေနဲ့ အတူတကွ ပါဝင်သီဆို ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပြိုင်ပွဲမှာ ပထမဆုဆွတ်ခူးခဲ့ကြပါတယ်။ ပထမ ရ ရမယ်လို့တော့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ရတော့လည်း ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ဒီပြိုင်ပွဲအတွက် တစ်လလုံး အဲဒီသီချင်းတစ်ပုဒ်တည်းကို အလွတ်ရပြီး ဖန်တရာတေတဲ့...
August 2011
5 posts
25th August 9:00 2011 - YOU TUBE IS ACCESSED!
ဒီနေ့ တွစ်တာသုံးနေရင်းနဲ့ (sengnoraung) လေဒီဂါးဂါးကို follow လုပ်ပြီး သူပေးထားတဲ့ YOU and I LINK ကို ကလစ်လိုက်တော့ မထင်မှတ်စွာဘဲ ယူကျုဘ်ထဲ ရောက်သွားတော့ အံ့သြနေသေးတယ်။ ယူကျု က ပိတ်ထားတာပါ ဘယ်လိုလုပ်ပွင့်နေတာလဲဆိုပြီး သေချာအောင် ဂူဂဲလ်ကနေတစ်ဆင့်ပြန်ဝင်ကြည့်တော့ ယူကျုက ပွင့်နေတယ်။ အဲဒါဆို ယူကျုနဲ့တွဲရက် ဘလော့ဂါ လည်းဝင်မယ်ဆိုတော့ ဘလောဂါ လည်းပွင့်နေပြန်ရော။
ခေတ်တွေ စနစ်တွေလည်း ပြောင်းလာပြီဆိုတော့...
တနင်္ဂနွေ နေ့ ညနေကစပြီး သီတာ လူငယ်တွေအားလုံး (အားလုံးနီးပါးပေါ့) စုဝေးပြီး ရပ်ကွက်လှည့်ဆုတောင်းကြတယ်။ လူငယ်တွေ အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ပေါ့။ ညနေခြောက်နာရီခွဲဆိုတာနဲ့ အားလုံးဘုရားကျောင်းမှာစု သီချင်းတွေ လေ့ကျင့်ကြပြီး လူစုခွဲပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ဆုတောင်းပေးကြတယ်။ အိမ်ရှင်တွေကတော့ အကြောင်းမကြား ခရစ္စမတ်လည်း မဟုတ်ဘဲနဲ့ လူငယ်တွေ အုံး ခနဲ ရောက်လာတော့ ဘယ်လိုနေကြမလဲမသိဘူး။ :)
...
အခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအများကြီးပဲ။ ငါ့စိတ်နဲ့ငါ့ကိုယ်လွန်ဆွဲခဲ့ရတယ်။ စိတ်ဓါတ်ကျလွယ်တာတွေ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရတဲ့စိတ်တွေ အားလုံးကို အဆင်ပြေအောင်ညှိနှိုင်းနေရတယ်။ အသက်ဆယ့်ကိုးနှစ်မှာ ငါ့လို ခံစားနေရတဲ့ လူငယ်တွေ ဘယ်နှစ်ယောက်လောက်ရှိမလဲမသိဘူး။ ကျောင်းမှာလည်း အဆင်ပြေအောင် နေဖို့ခက်တယ်။ ကိုယ့်ကိုယ်ကို ရှာဖွေနေရင်း အချိန်တွေကုန်သွားတယ်။ တခါတလေကျတော့ လည်း ပေါက်ကွဲပစ်လိုက်ချင်တယ်။...
THIS TOO WILL PASS
– ဖေမြင့် ရဲ့ စာအုပ်တစ်အုပ်ထဲက အကြိုက်ဆုံးစာသားလေး
NJK CHOIR RETREAT - 20th August 2011
မနေ့က အစမ်းစာမေးပွဲပြီးသွားတယ်ပေါ့ ။ အဲဒီတော့ သူငယ်ချင်းတွေ စုပြီး အားလုံးပျော်ပျော်ပါးပါး သရီးဒီသွားကြည့်ကြမယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ။ အဲ တကယ်တော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး ။ ပျော်ပျော်ပါးပါးတော့ ပျော်ပျော်ပါးပါးပေါ့။
မနေ့က NJK ဘုရားကျောင်းက ကွာယာ လူငယ်အဖွဲ့တွေ နဲ့အတူ စီတာပူ နှစ်ခြင်းဘုရားကျောင်းမှာ CHOIR RETREAT လူငယ်အားသစ်လောင်းခြင်း အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။
RETREAT ဆိုတာ...
April 2011
12 posts
မနေ့က ဘုရားကျောင်း က လူငယ် အစီအစဉ် မှာ ကြားခဲ့ရတဲ့ ခွန်အားပေးချက်လေးကို ပြန်လည်တင်ပြချင်ပါတယ်။
ဘာပြောသွားလဲဆိုတော့ ရိုးရိုးလေးပါပဲ ။ သူကြည့်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အပေါ်မှာ သူခံစားရသမျှလေးကို ဝေငှသွားတာပါ။
အဲဒီဇာတ်လမ်းလေးရဲ့နာမည်က “SAVING PRIVATE RYAN” ရိုင်ယန်ကို ကယ်တင်ခြင်း ဆိုတဲ့ ဇာတ်ကားလေးပါ ။
အဲဒီ ဇာတ်ကားထဲမှာ ဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ရဲဘော် ခုနှစ်ယောက်တို့က...
13-20 APRIL 2011
NJK RAMMA CAMP
နောင်နန်းကို ငါတို့ အင်ဂျန်းကောင်လူငယ်တွေ နွေရာသီလူငယ်သင်တန်း ထွက်ကြမယ်ဆိုတော့ ငါအရမ်းကို တက်ကြွနေပြီ။ ဆယ့်သုံးရက်နေ့ ငါတို့လူငယ်တွေ အားလုံး သီတာ ဘုရားကျောင်းမှာ စုကြပြီးတော့ တုံဖုံး ကားစုတ်ကြီးပေါ် ရှိသမျှ အထုပ်တွေ အထမ်းတွေတင် ပြီးရင် လူငယ်တွေ အားလုံး အထုပ်တွေကို ဖင်ခုပြီး ကြပ်ညှပ်သပ် နေအောင် လိုက်ခဲ့ကြရတာ။ ပျော်စရာကြီး။
အဲ၊ တစ်ခုရှိတာက လူငယ်တွေကို...
ဆယ့်ရှစ်နှစ်ဆိုတာ ခဏလေးပဲ ။ ဘာလိုလိုနဲ့ ဆယ့်ကိုးနှစ်ဖြစ်လာပြန်ပြီ ။
အသက်ကြီးပေမဲ့ မပျက်စီးသေးပါလားနော်။
:)
ကဲ အခု ဆယ့်ကိုးနှစ်ကနေစပြီး နောင်နှစ်ပေါင်းများစွာ တိုင် ပျော်ရွှင်စွာ နေထိုင်သွားရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ
ယေရှုနာမဖြင့်
အာမင်
imjustah0lyf00l-deactivated2011 asked: guess what kind of Asian i am ^_~
ဒီနှစ်တော့ လူငယ်စခန်းကို နောင်နန်း သွားကြမယ်။
မနှစ်ကပြင်ဦးလွင် သွားခဲ့တာ။ ရောက်စကဆို စိတ်ညစ်တာပဲသိတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုက တစ်မျိုးကြီး။ လေစိမ်းတွေက တ၀ူးဝူးနဲ့။ ဖျားချင်ချင်ဖြစ်သွားတယ်။ ပြီးတော့ တလမ်းလုံး ရထားတတန် ကားတတန် နဲ့ဆိုတော့ လူက ယိမ်းထိုးနေပြီ။
အခုပြန်တွေးတော့ တကယ်ရယ်စရာကောင်းတယ်။ အပြန်မှာဖြစ်တာပါ။ ရထားပေါ်မှာ။ တော်သေးတာပေါ့။ မန်းလေး ကချင် ဘုရားကျောင်းတုံးက ၀ယ်ခဲ့တဲ့ စာအုပ်လေး...
Anonymous asked: Hey How you Doing?
imjustah0lyf00l-deactivated2011 asked: thank you for following me ^_^
အင်း ဒီသင်္ကြန် ကျောင်းပိတ်ရက် ဘာတွေလုပ်ရင်ကောင်းမလဲ။ ပထမဆုံး သူငယ်ချင်းတွေ အပ်ထားတဲ့ အင်္ဂလိပ်စာ ပရောဂျက်တွေကို ဒီတစ်ပါတ် အပြီးသတ်ရမယ်။ ပိုက်ဆံတွေတော့ ကြိုတောင်းပြီးသွားပြီ။ လှုပ်ရှားလိုက်ဦးမယ်။
နေ့လယ်ခင်းတွေအားရင်တော့ crafts လေးတွေလုပ်ရမယ်။
အခုတလော နားထောင်ဖြစ်တာကတော့ သီချင်းဆိုသံမပါတဲ့ ပီယာနို ဆိုလို သံစဉ်လေးတွေပဲ နားထောင်ဖြစ်တယ်။ ပါးစပ်သံကြားရင် နားညည်းလို့။ အဲဒါပဲ အေးတယ်။
...
It's All Fun →
October 2009
1 post